ကံမကောင်း ကျက်သရေမရှိ။ သေသည်။ စုတ်ပြတ်သတ်သည်။
ဒီနေ့စမုံတုံးလိုက်တာ။ ဟေ့ကောင်လာမပြောင်နဲ့ စမုံတွေတုံးကုန်မယ်။ ဗျင်းလိုက်လို့ စမုံတုံးသွားမယ်။
လန်ထွက်နေတယ်ဆိုတာနဲ့အတူတူပါပဲ။ သေချာပြင်ဆင်ထားတယ်။ အဝတ်အစားကောင်းကောင်းဝတ်ထားတယ်။ ဆံပင်ပုံစံစသည်ဖြင့်ပေါ့။
ဟိုစော်လေးဝတ်ထားတာအရွားပဲနော်။ လန်ထွက်နေတာပဲ။
ဆိုင်ဆိုင်မဆိုင်ဆိုင် အကျိုးလိုချင်လို့ အတင်းဝင်ရောခြင်း။
သူများ လက်ဖက်ရည်ဆိုင်ထိုင်ရင် ဒီကောင် လာ ဒိုင်ဗင်ပစ် မှာသေချာတယ်။ ဘယ်တော့မှလဲ ငွေမရှင်းဘူး။
ရုပ်ဆိုးသည်။ ကျက်သရေတုံးသည်။
ဟာကွာ... စော်လေးကသူ့ရုပ်သူ့ရည်လေးနဲ့ တွဲသွားတဲ့ ဘဲကြီးက ဒွတ်ဒွတ်ကြီးကွာ
အူကြောင်ကြောင်နိုင်သည်။ အများနဲ့အဆင်မပြေ ဘောင်မ၀င်သူ။
ဒီကောင် အူကြူကူးပါကွာ ... လျှော်လိုက်။
ကောင်မလေးတွေမြင်ရင် မနေနိုင်မထိုင်နိုင် ငန်းငန်းတက်ဖြစ်တဲ့သူ၊ အကြောင်တကာ့အကြောင်များရဲ့ ထိပ်ခေါင်
ဒီဘဲကြီးက အရမ်း စကူကြောင်တာသွားမရောနဲ့။ နင့်ပါရောကြောင်လိုက်လိမ့်မယ်။