Define Gawdai

ကွမ်းစား

ကွမ်းစားထား သကဲ့သို့နီရဲသွားသည်ကို ဆိုလိုသည်။ သွေးချင်းချင်းနီ သွားသည်။

အဲ့ဘဲ စွန်း ဇောင်းကြွနေတယ်၊ ခေါင်းကို ငနီ နဲ့ ကျွေးလိုက်လို့ ကွမ်းစားသွား ဦးမယ်။
8 years ago
{{slangs[272].share_count}}

တစ်ပတ်မပြည့်

ပါးနပ်ဟန်ရှိသော်လည်း အမှန်တွင် နုံအသည်။ လည်မလိုနှင့် အသည်။

အဲ့ကောင်က လည်မလိုနဲ့ တစ်ပတ်မပြည့်ဘူး။ မနက်ဖြန် ဘုန်းကြီးကျောင်းသွားပြီး ပန်ကာလှူခဲ့ သားကြီး။ ဘဝဆက်တိုင်း တစ်ပတ်ပြည့်အောင်။
8 years ago
{{slangs[271].share_count}}

လှုံသည်

သူတပါး ပစ္စည်း၊ အစားအသောက်များကို အချောင် ကပ်မြှောင်သုံးစွဲ စားသောက်သည်။

သားကြီး မင်းကတော့ ငါ့ဆီက လှုံဖို့လောက်ပဲ ချောင်းနေတယ်ကွာ
8 years ago
{{slangs[269].share_count}}

နယ်

အလုပ်တစ်ခု (သို့) စကားတစ်ခွန်းကို ဆုံးအောင် မလုပ်ပဲ ၊ မပြောပဲနဲ့ ဟိုလိုလို ဒီလိုလိုနှင့် အချိန်ဖြုန်းနေခြင်း ။

မင်းကလဲ စောစောသွားမယ်လို့ပြောထားတာကို အရမ်းနယ်တယ်ကွာ အချိန်နီးနေပြီ။
8 years ago
{{slangs[268].share_count}}

အနံကြီးကွင်းကျယ်

ကြီးကျယ်သည်။ မလိုအပ်ပဲ ဟန်လုပ်သည်၊ ကိန်းခန်းကြီးသည်။ လွှမ်းမိုးသီဆိုပြီး စိုးလွင်လွင်ရေးထားသော "အနံကြီးကွင်းကျယ်" သီချင်းတွင် "အနံကြီးပြီး ကွင်းကျယ်တဲ့ လူတွေနဲ့ နောက်တစ်ခါ မဆက်ဆံချင်တော့ဘူး" ဟုသုံးစွဲထားသည်။

ဘေးအိမ်ကလူတွေက တစ်ကယ့် အနံကြီးကွင်းကျယ်တွေပဲကွာ၊ ငါတို့ဆိုရင် မခေါ်ချင် မပြောချင်နဲ့။
8 years ago
{{slangs[264].share_count}}

ဂချောင်ဖတ်

ပေါက်တက်ကရ လိုက်ပြောခြင်း။

အဲဒီ့ကောင် ဂချောင်ဖတ်နေတာ သုတ်ခိုင်းလိုက်တော့ သားကြီး။
8 years ago
{{slangs[263].share_count}}

ချွတ်တား

ဘူမသိဘာမသိကောင်တွေကို ခေါ်ဝေါ်သည့်အခါတွင် သုံးသည် ။

အဲဒီကောင်ကို လွတ်ထားလိုက် ချွတ်တားပါကွာ။
8 years ago
{{slangs[261].share_count}}

အဇမ်း

အရမ်း မှဆင်းသက်လာသည်။ အဓိပ္ပာယ်မှာ အရမ်း၊ အလွန်၊ အင်မတန် တို့နှင့် တူတူပင်ဖြစ်သည်။

ငါဒီနေ့ အဇမ်းလှနေပါလား။
8 years ago
{{slangs[260].share_count}}

အော်ဆွေး

အော်ရေဂျီနယ် (original) အတိုင်း ဆွေးနေတာ၊ ဆွေးမြေ့သွားတာကို ဆိုလိုသည်။ ဆရာမင်းလူ၏ "အော်ဆွေး" စာအုပ်တွင်လည်း အနက်ကို ရှင်းပြထားပြီး အသုံးပြုထားသည်။

အရင်တုန်းက e-major queen လေ။ ပဲများနေတာနဲ့ အော်ဆွေးကြီး ဖြစ်သွားတာ။
8 years ago
{{slangs[259].share_count}}

အထူအပါး

အခြအနေ၊ အဖြစ်အပျက်တို့ကို နှိုင်းယှဉ်ဖေါ်ပြသည့်အခါတွင်သုံးသည်။

ဒီဘဲလေး အထူအပါးနားမလည်ဘူး။ ခုံဖိနပ်တစ်ဖက်၊ မြမာလာတစ်ဖက် စီးခိုင်းရမယ်။
8 years ago
{{slangs[258].share_count}}

Happenings


ThomasDob
is in the house.
6 hours ago
Pedrolop
is in the house.
19 hours ago
Mildredneise
is in the house.
20 hours ago
Anonymous upvoted “ဖင်ဆိုးကြီး”
1 day ago
Anonymous upvoted “ဖင်ဆိုးကြီး”
1 day ago
Anonymous upvoted “ကတက်”
1 day ago
Mumerkix
is in the house.
2 days ago

View All