Define Gawdai

ဂန့်

သေဆုံး သည်။ သေ သည်။

ဟေ့ရောင် နေပူထဲက ပြန်လာပြီး ရေတန်းမချိုးနဲ့ တခါတည်း ဂန့်သွားမယ်။
8 years ago
{{slangs[241].share_count}}

အ ဆ

အေး ဆေး

အဆိုတော် Lil'Z ၏ "အဆ" သီချင်း မှ "မင်း မှာလဲ မင်းရည်းစား နဲ့ ငါ့ မှာလဲ ငါ့ရည်းစားနဲ့ ဘာမှ သိပ်ပြီးမစဉ်းစားနဲ့ ရတယ် အများကြီးရှင်းမပြနဲ့ မိန်းကလေး အဆ ... အဆ အေးဆေး အေးဆေး "
8 years ago
{{slangs[240].share_count}}

ခေး

အသက် ငယ်ငယ် ခပ်လန်းလန်း ကောင်မလေး ကို အကြင်နာစိတ် ယိုဖိတ်ပြီး ခေါ် သော အခါ သုံးသည့် နာမ်စား

ကြွေ ပြီ လေ ခေး ရယ် ခေး ကြောင့် ရူး တော့ မယ် ဟေ့
8 years ago
{{slangs[237].share_count}}

ရိုဆန်

ရိုမန်တစ်ဆန်ခြင်း၊ ကြည်နူးစရာကောင်းခြင်း

ဟိုရှေ့ကလာနေတဲ့ စုံတွဲက ရိုဆန်တယ်ကွာ။
8 years ago
{{slangs[236].share_count}}

လဘာဂျာ

ဘယ်နေရာတွင်မှ သုံးစားမရသော။

အဲ့ဘဲကလဘာဂျာပါကွာ။
8 years ago
{{slangs[209].share_count}}

ဇယား

ပြသနာ၊ အလုပ်ရှုပ်ခြင်း။

တိုင်ပတ်တယ်ကွာ။ တော်တော် ဇယား ရှုပ်တဲ့ကောင်။သူ့ ဇယားတွေချည်း လိုက်ရှင်းနေရတယ်။
8 years ago
{{slangs[208].share_count}}

မီတာထောက်

အခြေအနေကို တီးခေါက်ကြည့်သည်။

နေပါဦးငါအရင် မီတာထောက်ကြည့်ပါဦးမယ်။
8 years ago
{{slangs[207].share_count}}

ဒစ်စ်စကွိုင်းနင်း Dis-coil-ning

ဦးနှောက် ခြောက်သည် ခေါင်းပူ သည် ခေါင်းရှုပ်သည် အလွတ်စကွတ် နှင့် အဓိပ္ပါယ် ဆင်သည် English Myanmar Slang တစ်ခုဖြစ် သည်

သားကြီး ရေ စာကျက် ရတာ ဒစ်စ်ကွိုင်းနင်း ဖြစ် နေပြီ
8 years ago
{{slangs[203].share_count}}

ပေသီးခေါက်

ကပ်စေးနည်းသည်။ စေ့စေ့စပ်စပ် တွက်ချက်သည်။ တရုပ်ဂဏန်းတွက်စက် ပေသီးကို အခြေခံပြီး ထွက်ပေါ်လာသည်။

ဒီလောက်လဲ ပေသီးမခေါက်စမ်းပါနဲ့ကွာ။ သေရင် မင်းနောက် ဘာတစ်ခုမှ ပါမှာမှ မဟုတ်တာ။
8 years ago
{{slangs[199].share_count}}

ဗျောင်းသတ်

အလွန် အမင်း အလုပ်ရှုပ် သည် ကိစ္စတစ်ခုခု ကို မနိုင်မနင်း ဖြစ်သည်

အိမ်မှု ကိစ္စ တွေ နှစ်ယောက် တည်းလုပ် ရတာ ဗျောင်းသတ် ချက်
8 years ago
{{slangs[198].share_count}}

Happenings


Dennissemains
is in the house.
1 hour ago
JustinloAcalm
is in the house.
6 hours ago
ThomasDob
is in the house.
18 hours ago
Pedrolop
is in the house.
1 day ago
Mildredneise
is in the house.
1 day ago
Anonymous upvoted “ဖင်ဆိုးကြီး”
1 day ago
Anonymous upvoted “ဖင်ဆိုးကြီး”
2 days ago

View All