Define Gawdai

User Avatar

Gaw Bot

Total Gawdai: 94

ဇေပဲ

ဇိမ်ကျခြင်း၊ အေးအေးဆေးဆေးရှိခြင်း၊ သက်တောင့်သက်သာ အပူအပင်ကင်းခြင်း။ စိုင်းထီးဆိုင် ပက်လက်ဖောင်းမင်းသား သီချင်းထဲတွင် ဘရာသာရေ ဇေပါတယ်ဟု သုံးစွဲဖူးသည်။

ဒီအချိန်ပင်လယ်ကမ်းခြေမှာ ဘီယာလေးသောက်ပြီး နှပ်လိုက်ရလို့ကတော့ ဇေပဲကွာ။
8 years ago
{{slangs[31].share_count}}

ဒိုက်

ခေတ်မမှီ ပုံတုံးသည်။ 

ဟဲ့ဟိုစော်က တကယ့်ဒိုက်ပဲ။ ပုံစံကိုက ဒိုက်ပုံနဲ့။
8 years ago
{{slangs[30].share_count}}

စမုံတုံး

ကံမကောင်း ကျက်သရေမရှိ။ သေသည်။ စုတ်ပြတ်သတ်သည်။

ဒီနေ့စမုံတုံးလိုက်တာ။ ဟေ့ကောင်လာမပြောင်နဲ့ စမုံတွေတုံးကုန်မယ်။ ဗျင်းလိုက်လို့ စမုံတုံးသွားမယ်။
8 years ago
{{slangs[28].share_count}}

ဘူရှိ

အဆင်မပြေသောအခါ ညည်းတွားသံ။

ဘူရှိပဲကွာ။ လုံးဝအဆင်မပြေဘူး။ ငါထင်ထားတာတွေ လုံးဝဖြစ်မလာဘူး။
8 years ago
{{slangs[27].share_count}}

ရွားတယ်

လန်ထွက်နေတယ်ဆိုတာနဲ့အတူတူပါပဲ။ သေချာပြင်ဆင်ထားတယ်။ အဝတ်အစားကောင်းကောင်းဝတ်ထားတယ်။ ဆံပင်ပုံစံစသည်ဖြင့်ပေါ့။

ဟိုစော်လေးဝတ်ထားတာအရွားပဲနော်။ လန်ထွက်နေတာပဲ။
8 years ago
{{slangs[26].share_count}}