Define Gawdai

လူတွင်ကျယ်

လူကြားထဲတွင် ပြောတတ်ဆိုတတ်သူ

အဲ့ကောင်က လူတွင်ကျယ်ပါကွာ
8 years ago
{{slangs[670].share_count}}

လေးဖြူတစ်ပွဲ

လက်ဖက်ရည်ဆိုင်များတွင် ဆေးလိပ် ၄ လိပ် ကို ဆေးလိပ်တစ်ပွဲဟု သုံးလေ့ရှိသည်။ အဖြူရောင် ဆေးလိပ် ၄ လိပ်ပါ ဆေးလိပ် ၁ ပွဲကို လေးဖြူ ၁ ပွဲ ဟု သုံးလေ့ရှိသည်။ တက္ကသိုလ်များ နှင့် နီးသော နေရာများတွင် ကျောင်းကန်တင်းများတွင် တက္ကသိုလ် ကျောင်းသားများ သုံးလေ့ရှိသည့် ဘာသာ

အစ်ကိုရေ လေးဖြူတစ်ပွဲ ဒီဝိုင်းကို ချပေးပါ။
8 years ago
{{slangs[663].share_count}}

လွင့်

ဘယ်ကလာတာလဲ ဘယ်သွားမလို့လဲ ဆိုတဲ့သဘော

ဟေ့ကောင် မင်းဘယ်ကလွင့်လာတာလဲ။
8 years ago
{{slangs[658].share_count}}

လေထဲလမ်းလျှောက်

အရက်အမူးလွန်ပြီးအိမ်ပြန်ခါနီး နှုတ်ဆက်သည့်စကား

သားကြီး.. မှောင်ပြီကွာ..ဆိုင်ကနေလိမ့်ပြီး လေထဲလမ်းလျှောက် ကြရအောင်..
8 years ago
{{slangs[651].share_count}}

လွှား

ကြောသည်။ အသာစီးယူ၍ အနိုင်ယူသည်။ မြောက်ကြွား မြောက်ကြွားပြုမူသည်။

ဘုန်းသစ် ဟေ့ကောင် သိပ်မလွှားနဲ့ကွာ။
8 years ago
{{slangs[647].share_count}}

လေထန်ကုန်း

လူအများအပြား (စာပေအနုပညာရှင်အများစု) စုဝေးသည့် လက်ဖက်ရည်ဆိုင် (၃၃ လမ်းတွင်ရှိသည်)။

ငါတို့ လေထန်ကုန်းမှာရှိမယ်။ လိုက်ခဲ့ သားကြီး။
8 years ago
{{slangs[560].share_count}}

လေကြီး ဘဲ

လေကြီးလေကျယ် ပြောဆိုသူ

ဟေ့ မင်းက လေကြီးဘဲ
8 years ago
{{slangs[557].share_count}}

လင်းတစောင်း

လဒဇောင်း ဟု အသံထွက်သည်။ ရုပ်နဲ့စရိုက်က နှစ်လိုဖွယ် မရှိသော လင်းတရုပ်ထက် ပိုပြီးစွေစောင်း ကာ စရိုက်အောက်တန်းကျသူ

ဘာ..အဲ့ဒီ လင်းတစောင်းက ပြောတာ ဟုတ်လား.
8 years ago
{{slangs[521].share_count}}

လော်တစ်

အနီးအပါးမှထွက်သွားစေလိုသည်။

သားကြီး ငါ့နားကနေ လော်တစ်တော့ကွာ။
8 years ago
{{slangs[513].share_count}}

လေ့

လေ့လာသည်ဟူသောစကားကို အကုန်မပြောပဲ စတန့်ထွင်ပြောခြင်း

''ဟယောင် မင်း အိမ်စာတွေ လေ့ပြီးပြီလား
8 years ago
{{slangs[486].share_count}}

Happenings


HowardfeGaw
is in the house.
1 hour ago
Ggez
is in the house.
19 hours ago
utopil_krSt
is in the house.
1 day ago
КЛЕН-Intic
is in the house.
2 days ago
MonicaMak
is in the house.
2 days ago
utopil_hqSt
is in the house.
2 days ago
Anonymous upvoted “ထန်းသီး”
3 days ago

View All