Define Gawdai

သိုင်းကွက်နင်း

(အရက်) အမူးလွန်ကာ ယိုင်တိယိုင်တိုင် သွားလာလှုပ်ရှားသည့်သဏ္ဍာန်ကို ခိုင်းနှိုင်းတင်စားပြီး အသုံးပြုသည်။

ဒီနေ့တော့ ငါမကစ်တော့ဘူး သားကြီး .. သိုင်းကွက်နင်းပြီး အိမ်ပြန်ရတဲ့ နေ့တွေများပြီ။
7 years ago
{{slangs[729].share_count}}

သံတိုင်ကွေး

ခန္ဓာကိုယ် ကောက်ကြောင်း၊ အသွင်အပြင်ကို ရှိရင်းစွဲထက် ပိုမိုသိသာစွာထွက်လာအောင် ပြင်ဆင်ထားကြောင်းကို ဆိုလိုသည်။

ဟိုဆော်ကြီးကတော့ သံတိုင်ကွေးကြီးဟ၊ အပြင်မှာ မြင်ရတော့မှ လူကမုန့်ဟင်းခါးဖတ်လောက်ပဲရှိတယ်။ သံတိုင်ကွေးရုံမက ကောင်းကင်ကြီးပါ လု ခြေထောက်အောက်ရောက်နေပစေ၊ မေတ္တာမလျော့ပါဘူးကွယ်။
8 years ago
{{slangs[668].share_count}}

သုပ်မှာ

တိုက်ခိုက်ခြင်း

ဟိုကောင်ကြည့်မရဘူး သုပ်မှာ ငါက
8 years ago
{{slangs[654].share_count}}

သာတီတူးကိုင်သည်

ထမင်းစားသည်

ငါတို့ မိတ္ထီလာ feel မှာ သာတီတူး ကိုင်ရအောင်
8 years ago
{{slangs[572].share_count}}

သူဌေးကြေးပါ

ပြည့်စုံပြီးသောသူအား မျက်နှာရလို၍ ထပ်ထပ် ပေးကမ်းခြင်း

သူစိတ်ဓါတ်က "သူဌေးကြေးပါ" လုပ်ချင်တဲ့စိတ်မျိုး
8 years ago
{{slangs[569].share_count}}

သြဇာသီးရောင်း

သြဇာ အာဏာရှိသည့်ပုံ ဖြင့်ပြောဆို ငေါက်သည်။ မိန်းမလျာ အများစု အသုံးပြုလေ့ရှိသည်။

ဘွားတော်က တခုခုဆို နည်းနည်းလေးမှ မမှားနဲ့၊ သြဇာသီးရောင်းမယ်ဆိုတာချည်းပဲ။
8 years ago
{{slangs[477].share_count}}

သယ်

စကားရှုတ်ခြင်း .. အတင်းပြောခြင်း

သူက ရေလည် သယ်တဲ့ကောင်ကွ။ သူလာရင် ဘာမှမပြောကြနဲ့။
8 years ago
{{slangs[423].share_count}}

သစ်စ်ကွိုင်းနီး

ပြဿနာ တစ်ခုခု

" မလုပ်နဲ့ ! သစ်စ်ကွိုင်းနီးတွေ ဖြစ်ကုန်မယ် "
8 years ago

သံပုရာသီးလေး လိမ့်လာတယ်

အချဉ်၊ အူတူတူ အတတ၊ မနူးမနပ်များ ခွင်ထဲဝင်လာသည့်အခါ သုံးနှုန်းသည်။

၁။ ယောက်ဖ ဟိုမှာသံပုရာသီးလေးလိမ့်လာတယ် ခေါ်စားရအောင် ၂။ ပြောရင်တော့ဆရာကြီး လိမ့်လာတာ သံပုရာသီးလေး။
8 years ago
{{slangs[319].share_count}}

သြဇင်းဘူး

Awesome အစားသုံးနှုန်းသည်။ ကျီစယ်ချင်သည့်အခါ ရွဲ့ချင်သည့်အခါများတွင်သုံးသည်။

အဲ့ဘဲကြီးက သြဇင်းဘူးဟ။
8 years ago
{{slangs[251].share_count}}

Happenings


Ggez
is in the house.
16 hours ago
utopil_krSt
is in the house.
1 day ago
КЛЕН-Intic
is in the house.
1 day ago
MonicaMak
is in the house.
2 days ago
utopil_hqSt
is in the house.
2 days ago
Anonymous upvoted “ထန်းသီး”
2 days ago
Juliuslauch
is in the house.
3 days ago

View All