Define Gawdai

User Avatar

Naw Nang

Total Gawdai: 0

ဉာဏ်ပေတုံး

ဒူသူ၊ ထုံထိုင်းသည့်လူ။ အသည့်သူ။ သဘောပေါက်မလွယ်သူ။

ဒီကောင် ဉာဏ်ပေတုံးကွာ။ ငါဆယ်ခါမက ရှင်းပြပြီးပြီ။
7 years ago
{{slangs[307].share_count}}

တစ်ပတ်မပြည့်

ပါးနပ်ဟန်ရှိသော်လည်း အမှန်တွင် နုံအသည်။ လည်မလိုနှင့် အသည်။

အဲ့ကောင်က လည်မလိုနဲ့ တစ်ပတ်မပြည့်ဘူး။ မနက်ဖြန် ဘုန်းကြီးကျောင်းသွားပြီး ပန်ကာလှူခဲ့ သားကြီး။ ဘဝဆက်တိုင်း တစ်ပတ်ပြည့်အောင်။
8 years ago
{{slangs[271].share_count}}

အဇမ်း

အရမ်း မှဆင်းသက်လာသည်။ အဓိပ္ပာယ်မှာ အရမ်း၊ အလွန်၊ အင်မတန် တို့နှင့် တူတူပင်ဖြစ်သည်။

ငါဒီနေ့ အဇမ်းလှနေပါလား။
8 years ago
{{slangs[260].share_count}}

အ ဆ

အေး ဆေး

အဆိုတော် Lil'Z ၏ "အဆ" သီချင်း မှ "မင်း မှာလဲ မင်းရည်းစား နဲ့ ငါ့ မှာလဲ ငါ့ရည်းစားနဲ့ ဘာမှ သိပ်ပြီးမစဉ်းစားနဲ့ ရတယ် အများကြီးရှင်းမပြနဲ့ မိန်းကလေး အဆ ... အဆ အေးဆေး အေးဆေး "
8 years ago
{{slangs[240].share_count}}

ခ်ခ်

မြည်သံဆွဲ အင်္လကာ ရယ်မော်သံ ဖြစ်သည်။ "ခစ်ခစ်" မှဆင်းသက်လာသည်။ lol = ခ်ခ် ဘိလပ်ပြန် ဘုန်းမြတ်ထူး မှ တီထွင်ခဲ့ ခြင်းဖြစ်သည်

ရယ်ရတယ် ခ်ခ်
8 years ago
{{slangs[197].share_count}}