Define Gawdai

User Avatar

Phoo lay

Total Gawdai: 0

ဟု

ဟုတ်ကဲ့ကို အတိုကောက် ဟု ဆိုပြီး အသုံးပြုကြသည်။ Messenger နှင့် Viber ကဲ့သို့သော Chatting Platform များတွင် လူငယ် နှင့် အချို့သော လူလတ်ပိုင်း များ အသုံးပြုမှုများသည်။

မနက်ဖြန် တွေကြမယ်နော်။ ဟု ကိုကို။ တွေ့တဲ့အခါ လိမ္မာနော် ချစ်ချစ်။ ဟုဟု ကိုကို aycd။
10 years ago
{{slangs[665].share_count}}

BRT စီးနေတယ်

လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ဘဲ၊ ဟန်ရေးပြကာ အလုပ်လုပ်ချင်ယောင်ဆောင်ရင်း အချိန်ဖြုန်းနေသည်။ (Created by Kyaw Nyo Thway)

ဟာ ဒီဘဲကတော့ကွာ BRT ပဲအမြဲစီးနေတော့တာပဲ။ တကယ်လုပ်ရမယ့်ဟာကျတော့မလုပ်ဘဲ မဟုတ်တာလျှောက်လုပ်နေတယ်။ အခုတော့ ဘာမှမပြီးဘူး။
10 years ago
{{slangs[664].share_count}}

လေးဖြူတစ်ပွဲ

လက်ဖက်ရည်ဆိုင်များတွင် ဆေးလိပ် ၄ လိပ် ကို ဆေးလိပ်တစ်ပွဲဟု သုံးလေ့ရှိသည်။ အဖြူရောင် ဆေးလိပ် ၄ လိပ်ပါ ဆေးလိပ် ၁ ပွဲကို လေးဖြူ ၁ ပွဲ ဟု သုံးလေ့ရှိသည်။ တက္ကသိုလ်များ နှင့် နီးသော နေရာများတွင် ကျောင်းကန်တင်းများတွင် တက္ကသိုလ် ကျောင်းသားများ သုံးလေ့ရှိသည့် ဘာသာ

အစ်ကိုရေ လေးဖြူတစ်ပွဲ ဒီဝိုင်းကို ချပေးပါ။
10 years ago
{{slangs[663].share_count}}

ဒေါင်းချား

သူတောင်းစား ဟူသောစကား လုံးကို အမြန်ခေါ်ရာ မှ ဖြစ်ပေါ်လာသည်။ သူငယ်ချင်း အချင်းချင်း ချစ်စနိုး (ဒါမှမဟုတ်) အနည်းငယ် အမြင်ကပ် လျှင် ခေါ်လေ့ ရှိသည်။

ဒေါင်းချားက လဲ လုပ်ပေးစမ်းပါဟာ။ နင်တော်တော် အားနေလား ဒေါင်းချားရဲ့။
10 years ago
{{slangs[638].share_count}}