Define Gawdai

User Avatar

Aunn Gu Lay

Total Gawdai: 0

မွတ်ပြီ

အခြေအနေ မကောင်းတော့ မှန်း မိမိကိုယ်ကိုယ် သိနေပြီ

(၁)ငါ မသောက်နိုင် တော့ဘူး မွတ်နေပြီဟ.. (၂)ပိုက်ဆံ အသုံးများသွားလို့ ကျန်ရက်တွေဆိုရင် လမကုန်ခင်အထိ တော့ ငါ မွတ် ပြီကွာ
7 years ago
{{slangs[733].share_count}}

ကျုံး

အလုပ်တစ်ခုစတင်တော့မည်... ထမင်းစားတော့မယ်၊ အလုပ်လုပ်တော့မည် စသည်ဖြင့် နေရာဒေသ အချိန်ကာလကိုလိုက်ကာသုံးသည်

သားကြီးငါကျုံးလိုက်ဦးမယ်
7 years ago
{{slangs[732].share_count}}

ဒိုင်ကြောင်

အဆီအငေါ်မတည့်ပြောဆိုနေသည့်စကားများ

ဒီကောင် ဒိုင်ကြောင်တွေ လွှတ်နေတာများပြီ။ ဟိုကောင် ဘာ ဒိုင်ကြောင်တွေ လွှတ်နေတာလဲ။
7 years ago
{{slangs[730].share_count}}

ထန်းသီး

အမွှာ ညီအစ်ကို မောင်နှမ များအား ခေါ်ဆိုခြင်းဖြစ်သည်။

" သားကြီး ရှေ့မှာ ထန်းသီးလေးတွေ မိုက်တယ် "
8 years ago
{{slangs[728].share_count}}

မတင်စိန်

အွန်လိုင်းပေါ်တွင် တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဓာတ်ပုံများ အလွန်အမင်းတင်သူကို ခိုင်းနှိုင်းတင်စားပြီး ခေါ်ဆိုသည့် နာမည်ဖြစ်သည်။

သြော် .. ငါ့ဝေါတစ်ခုလုံးလည်း မတင်စိန်တွေကြီးပါပဲလား။
8 years ago
{{slangs[726].share_count}}