Total Gawdai: 0
English စကားလုံး Circuit - လျှပ်စီးပတ်လမ်း မှ ယူထားသည်။ လမ်းများသည်။ ရှုပ်သည်။
မင်းကတော့ ဆားကစ် ပတ်ပြီပဲ
မင်းသမီအကယ်ဒမီခိုင်သင်းကြည်၏ အကယ်ဒမီရdialog မှာဆင်းသက်လာသည်။ တစ်ခုခုတွင်မတရာခံရလျှင်/အလိုမကျလျှင် အားနှင့်မာန်နှင့်အသုံးပြုလေ့ရှိသည်။
ဝယ်တုန်းကတော့အာမခံတစ်နှစ်လို့ပြောပြီ အခုပျက်တော့မှပြန်မလဲပေးရအောင်နင်တို့ကဝယ်တဲ့သူတွေကိုခိုင်သင်းကြည်များမှတ်နေလား?
နဂိုမဖြူသော မျက်နှာကို အတင်းဖြူအောင် ပြင်ဆင်ထားသူများ၊ လိုတာထက်ပို၍ ပြင်ဆင်သူများအား ကဲ့ရဲ့ပြောဆိုရာတွင် အသုံးပြုသည်။
နင် မိတ်ကပ် လိမ်းထားတာကလည်း အိမ်သာကျင်းထုံးပတ် ထားတဲ့အတိုင်းပဲ။
အဆင်ပြေသလို၊ အမြန် စီစဉ်ဆောင်ရွက်သည်။ ပြီးပြီးရော လုပ်သည်။
မင်းတို့ကောင်တွေကလည်းကွာ.. သေချာလေး အလုပ်လုပ်စမ်းပါဦး။ တစ်ခါလာလည်း တုန်ချွမ်တွေချည်းပဲ။
မြည်သံဆွဲ အင်္လကာ ရယ်မော်သံ ဖြစ်သည်။ "ခစ်ခစ်" မှဆင်းသက်လာသည်။ lol = ခ်ခ် ဘိလပ်ပြန် ဘုန်းမြတ်ထူး မှ တီထွင်ခဲ့ ခြင်းဖြစ်သည်
ရယ်ရတယ် ခ်ခ်