Define Gawdai

ပွ

စကားများသူကို ရွဲ့ပြောဆိုခြင်း

မင်းသိပ်ပွမနေနဲ့ ငြီးတယ်ကွာ
7 years ago
{{slangs[488].share_count}}

အုပ်ကြီး

ဥက္ကဋ္ဌ၊ ကျောင်းအုပ်၊ သင်းအုပ် စသည်သူများအား ခေါ်ဝေါ်ခြင်း

ဟေ့ ဟိုမှာအုပ်ကြီးလာနေပြီ။ ငြိမ်ငြိမ်နေကြ။
7 years ago
{{slangs[487].share_count}}

လေ့

လေ့လာသည်ဟူသောစကားကို အကုန်မပြောပဲ စတန့်ထွင်ပြောခြင်း

''ဟယောင် မင်း အိမ်စာတွေ လေ့ပြီးပြီလား
7 years ago
{{slangs[486].share_count}}

ရမ်းသမ်း

မသိဘဲ လုပ်မိ၊ ပြုမိသည်။

မင်းကလဲ ရမ်းသမ်းပြောမနေနဲ့၊ ဟိုကောင်က ရမ်းသမ်းလုပ်လို့ နာတော့မယ်။
7 years ago
{{slangs[483].share_count}}

နိုင်ဝေ

ကိုနိုင်နေသော်လည်း သူတပါးကို ပြန်လည် ဝေငှ နေရသူ

သားကြီး မင်းက နိုင်ဝေကြီးပါပဲကွာ
7 years ago
{{slangs[482].share_count}}

လေးသွားပြီ

လေးစား အထင်ကြီး ဆရာတင်သည် ထင်သည်

ဘီးကြဲရဲ့လုတ်ချက်ကတော့ လေးပြီးကွာ
7 years ago
{{slangs[480].share_count}}

သြဇာသီးရောင်း

သြဇာ အာဏာရှိသည့်ပုံ ဖြင့်ပြောဆို ငေါက်သည်။ မိန်းမလျာ အများစု အသုံးပြုလေ့ရှိသည်။

ဘွားတော်က တခုခုဆို နည်းနည်းလေးမှ မမှားနဲ့၊ သြဇာသီးရောင်းမယ်ဆိုတာချည်းပဲ။
7 years ago
{{slangs[477].share_count}}

ကြောင်း

နောက်မှလိုက်၍ ကိုယ်လိုရာကို အခြေအနေပေါ်မူတည်၍ ပြောဆိုဆောင်ရွက်သည်

ဟေ့ကောင် မင်းကြိုက်တဲ့ ကောင်မလေးလာနေပြီ လိုက်ကြောင်း လိုက်တော့.... ဒီချိန်က ကွက်တိပဲ
7 years ago
{{slangs[476].share_count}}

ဒွတ်ကြီး

အလွန်ကျက်သရေတုံးသော၊ ပြသနာကြီးသယ်လာတတ်သော သူများကိုခေါ်ဝေါ်သည့် အသုံးအနှုန်းဖြစ်သည်။

ဟိုက် လစ်ပြီဟေ့။ ဟိုမှာ ဒွတ်ကြီး လာနေပြီ၊ မဟုတ်တာ တစ်ခုခုတော့ ဒီကောင် သယ်လာဦးမှာပဲ။
7 years ago
{{slangs[474].share_count}}

Hunimal

လူ့တိရစ္ဆာန်

ဒီကောင်တွေကလည်း ယုတ်မာလိုက်တာ Hunimal တွေပါကွာ
7 years ago
{{slangs[473].share_count}}

Happenings


Karinaboupt
is in the house.
1 hour ago
Eddiecit
is in the house.
12 hours ago
CharlesAdeft
is in the house.
1 day ago
RaymondReopS
is in the house.
1 day ago
DavidRot
is in the house.
1 day ago
RobertwaG
is in the house.
2 days ago
Joesphelutt
is in the house.
5 days ago

View All