Define Gawdai

အဆနထ

အေးဆေးနွေးထွေး

ဒီကိစ္စက အဆနထပါ စိတ်ပူနေနဲ့
7 years ago
{{slangs[472].share_count}}

ကြွပ်ကြွပ်အိတ်စုတ်

မည်သည့် နယ်ပယ် အရပ်ဒေသတွင်မှ အသုံးမဝင်ပဲ ပျက်စီးစေတတ်သူ (မြေမြှပ်လည်းမြေသြဇာမဖြစ် မီးရှို့လည်းလေထုညစ်ညမ်းသည်)

ဒီဘဲက သူဝင်ကူညီမယ်သာပြောတာပါကွာ ကြွပ်ကြွပ်အိတ်စုတ် ကြီးပါကွာ
7 years ago
{{slangs[471].share_count}}

လှနုထွန်း

ပေးပြီးသားပစ္စည်းကို ပြန်ယူတာ

လှနုထွန်းတွေအရမ်းမဆန်နဲ့နော် " miss crown တွေပေးပြီသားတွေကို ပြန်ယူလို့ "
7 years ago
{{slangs[470].share_count}}

လင်းသိုက်ညွန့်

ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်

ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်
7 years ago
{{slangs[469].share_count}}

ဂန်းတန်းတန်း

တလွဲလုပ်သည်

မင်းကလဲကွာ လုပ်လိုက်ရင် ဂန်းတန်းတန်းနဲ့
7 years ago
{{slangs[468].share_count}}

လုံးသည်

တစ်စုံတစ်ယောက်ကို အကျိုးအမြတ်ရစေရန် သို့ လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်စေရန် လိုက်လံ ရောနှောသည့်အခါသုံးသည်။

၁။ ဟေ့ရောင် ဟိုစော်ချောတယ်ကွ။ မင်းသွားလုံးလိုက်ပါလား၊ မင်းလဲကြိုက်နေတာပဲဥစ္စာ။ ၂။ မင်းကတော့ ပိုက်ဆံရမယ့်အလုပ်ဆို တွေ့ကရာလူဝင်လုံးတော့တာပဲ။
7 years ago
{{slangs[467].share_count}}

ခင်သန္တာ

အရှေ့တွင်သူများမကောင်းကြောင်းပြောနေတုန်း အနောက်တွင်ပြောခံရသူရှိနေသောအခါသုံးသည်

ခင်သန္တာ ဖြစ်မယ် သတိထား (များသောအားဖြင့် မိန်းခလေးများနှင့် အခြောက်များသာသုံးသည်) အနုပညာအသိုင်းအဝိုင်းတွင် အသုံးပြုတာများသည်။
7 years ago
{{slangs[466].share_count}}

မြွေကိုက်

ဒုက္ခရောက်ချိန် အကျပ်အတည်းဖြစ်ချိန်တွင်သုံးသည်

ငါတော့ ဒီနေ့မြွေကိုက်ပြီဟေ့ ပြသနာကတစ်ခုပြီးတစ်ခုပဲ
7 years ago
{{slangs[465].share_count}}

အောဖျန့်

All Friend ကို မြန်မာမှု ပြုထားခြင်း ဖြစ်သည်

အားပေးမှုကို အထူး ကျေးဇူးတင်ပါတယ် အောဖျန့်
7 years ago
{{slangs[463].share_count}}

လန်ပလန်တန်

မူးယစ်ရီဝေနေခြင်းကိုဆိုလိုသည်(တစ်နည်းအားဖြင့်ပြဲလန်ခြင်းကိုဆိုလိုသည်)

သားရီးလွှတ်မသောက်နဲ့လန်ပလန်တန်သွားမယ်
7 years ago
{{slangs[462].share_count}}

Happenings


42ml
is in the house.
1 day ago
MichaelaCudge
is in the house.
2 days ago
NicholeTraby
is in the house.
3 days ago
Ambroseaempap
is in the house.
4 days ago
Glenntikkep
is in the house.
4 days ago
Dennissemains
is in the house.
6 days ago
JustinloAcalm
is in the house.
6 days ago

View All