Define Gawdai

ဘေးတီး

ဘေးကနေ မြှောက်ပင့်သည်။ သွေးထိုးသည်။

အဲကောင်ကို နည်းနည်းပါးပါး ဘေးတီးပေးလိုက်။ သူတို့ခြင်း ချပစေ :3
10 years ago
{{slangs[100].share_count}}

ကျိုး

အမူးလွန်သည်။

မနေ့ညက အိမ်ရောက်ရောက်ချင်း ငါတော့ ကျိုးတော့တာပဲ
10 years ago
{{slangs[98].share_count}}

ပေရှည်

စကားပြောရာတွင် လိုရင်းမရောက်ဘဲ ေ၀့၀ိုက်နေသည်။

ပြောမဲ့ဟာ ပြောသာမဟုတ်ဘူး ပေရှည်နေသေး
10 years ago
{{slangs[97].share_count}}

ဒေါင်းတောက်

အိပ်တန်းပြန်ရန် ဒေါင်းမကြီးမှ ဒေါင်းကလေးများကို တတောက်တောက် အသံပြုခြင်းဖြင့် ရှာဖွေသည်။

ရှာလိုက်ရတာ ဒေါင်းတောက်အောင်ပဲ
10 years ago
{{slangs[96].share_count}}

အီးလေးစွဲ

အလုပ်တခုလုပ်ရာမှာ လေးပင်သည်။ကြန့်ကြာသည်။

ဒီကလေးနှယ် ဒါလေးလုပ်တာမပြီးတော့ဘူး အီးလေးစွဲနေတာပဲ။
10 years ago
{{slangs[95].share_count}}

ဖင်နာ

သရော်သည်ကို အတည်မှတ်ကာ အသည်းအသန် လိုက်လံဖြေရှင်းတတ်သူ

ငါတော့ စိုင်းစိုင်းခမ်းလှိုင်ကို သရော်ရင် ဖင်နာ တော်တော် ရောက်လာမှာပဲ။
10 years ago
{{slangs[94].share_count}}

စန်းစန်းတင့်

Sensitive အစစအရာရာကို အထိအရှလွယ်သည်။ နောက်ပြောင်ရင်တောင် စိတ်ဆိုးလွယ်သည်။

သူ က ဘာပြောပြော စန်းစန်းတင့် ဖြစ်လွန်းတယ်၊ စ လို့ နောက်လို့ မကောင်းဘူး။
10 years ago
{{slangs[93].share_count}}

စမန်ထ

အငမ်းမရဖြစ်နေသည်။

ဟာ ဟိုကောင် ဘာတွေ စမန်ထနေမှန်း မသိဘူး။
10 years ago
{{slangs[91].share_count}}

လခွမ်း

အာမေဍိတ်သံ

လခွမ်းထဲမှပဲ ဒီည မန်ယူနိုင်မှာပါဆို - ဦးသာအေး
10 years ago
{{slangs[90].share_count}}

ဖုန်ထ

နေရာတကာမှာ ထောင်ထောင် ထောင်ထောင်လုပ်သည်။ လူအမြင်ကပ်လောက်အောင် active ဖြစ်နေသည်။

ဒီကောင် ဒီရက်ပိုင်းမှာ တော်တော်ဖုန်ထ နေတာပဲကွာ
10 years ago
{{slangs[87].share_count}}

Happenings


LuckySpin
is in the house.
2 hours ago
PlayMasterX
is in the house.
10 hours ago
EntertainerX
is in the house.
10 hours ago
ReelReviewer
is in the house.
13 hours ago
aitunz.com
is in the house.
23 hours ago
GameMaster77
is in the house.
1 day ago
SportJunkie91
is in the house.
1 day ago

View All