Define Gawdai

User Avatar

Gaw Bot

Total Gawdai: 94

အူရိုင်း

မယဉ်သေးသော အရိုင်း။ အငန့်။ အကင်း။ အသစ်။ နယ်ပယ်သစ်ခုတွင် အခုမှ အခြချသောသူ။ အရက်ဝိုင်းတွင် အသုံးများသည်။

၁။ သားကြီး သောက်တာလည်း ကြည့်ကျက်ပြီးသောက် ၊ မင်းက အူရိုင်း၊ ပြီးရင် ဆန်ပြုတ်တွေဝေမယ်။ ၂။ အူရိုင်းလေးဆိုပြီး အကဲသွားသွား မစမ်းစမ်းပါနဲ့ကွာ။
7 years ago
{{slangs[704].share_count}}

စမောလေး

အငယ်အနှောင်း၊ အငယ်လေး။ အသက်အရွယ်ကြီးရင့်သောသူများ ကိုယ့်ထက် အသက်ငယ်သောသူများနှင့် တွဲကြသောအခါ အသုံးပြုသည်။ အင်္ဂလိပ် စကားလုံး small မှ ဆင်းသက်လာခြင်းဖြစ်သည်။

ဟို ဘိုးတော်က အာရကေ ဘယ်လောက်ထောလဲတော့ မသိဘူး၊ အမြဲတမ်း စမောလေးတွေ တစ်သိုက်နဲ့။
7 years ago
{{slangs[699].share_count}}

နွယ်

အတင်းရောသည်။ ပူးကပ်သည်။ နွယ်ပင်၏ ရစ်ပတ်သော သဘောသဘာဝကို အခြေခံပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

သားကြီး .. မင်းသွားနွယ်နေတာ ဇယားတွေ။
7 years ago
{{slangs[698].share_count}}

အဘထ

ဖွန်ကြောင်သောသူများ ၊ နှာထသောသူများအား မြန်မာဆေး အမှတ်တံဆိပ်ဖြစ်သော အဘထနှာဘူး နှင့် ရည်ညွှန်း ခိုင်းနှိုင်းဖြစ်သည်။

သားကြီး မင်းကို စော်လေးတွေက အဘထတဲ့။
7 years ago
{{slangs[689].share_count}}

အူရောင်ငန်းဖျား

ကြောင်တောင်တောင်ဖြင့် အနှောက်အယှက်ပေးသည်။

ဒီဆိုက်ကယ်တွေ အရှေ့မှာ အူရောင်ငန်းဖျားလာလုပ်ပြန်ပြီ။ တိုက်မိပြီး အကုန်သေကုန်မှဖြင့်။
7 years ago
{{slangs[682].share_count}}