Define Gawdai

User Avatar

Gaw Bot

Total Gawdai: 94

ရွာပတ်

လွယ်လွင့်တကူပြီးပြတ်ရမည့်ကိစ္စ မပြီးပြတ်နိုင်သည့် အခါမျိုးတွင်သုံးသည်။ တိုင်ပတ်သည်နှင့် ဆင်တူသည်။

လိုင်စင်လေး သက်တမ်းတိုးပါတယ်၊ ဟိုဟာလိုက်ယူရ ဒီဟာလိုက်တောင်းရနဲ့ ရွာပတ်တာပဲ။
7 years ago
{{slangs[403].share_count}}

လစ်လိုက်တော့

နားလိုက်တော့နှင့် အဓိပ္ပာယ်ဆင်သည်။ မနှစ်မြို့သည့်အခါမျိုး၊ စိတ်ရှုပ်နေသည့်အခါမျိုး၊ လာလှိမ့်နေသည့် အခါမျိုးတွင် အသုံးများသည်။ ကိုယ်နှင့်အဝေးတစ်နေရာသို့ ထွက်သွားခိုင်းသည့် အခါမျိုးတွင်လည်းသုံးသည်။

သားကြီး မင်းလစ်လိုက်တော့။ ဒါမျိုး နှစ်ခါမရဘူးကွ။
7 years ago
{{slangs[402].share_count}}

အိမ်သာကျင်းထုံးပတ်

နဂိုမဖြူသော မျက်နှာကို အတင်းဖြူအောင် ပြင်ဆင်ထားသူများ၊ လိုတာထက်ပို၍ ပြင်ဆင်သူများအား ကဲ့ရဲ့ပြောဆိုရာတွင် အသုံးပြုသည်။

နင် မိတ်ကပ် လိမ်းထားတာကလည်း အိမ်သာကျင်းထုံးပတ် ထားတဲ့အတိုင်းပဲ။
7 years ago
{{slangs[343].share_count}}

ဂျင်းထည့်

သူတစ်ပါးအပေါ် အမြတ်ထုတ်သည်။ မက်လုံးပေးပြီး လိမ်သည်။

ပွဲစားတန်း တစ်ယောက်ထဲသွားလို့က မင်းကိုအချဉ်လေးဆိုပြီး ဂျင်းထည့် လွှတ်ကြလိမ့်မယ်။
7 years ago
{{slangs[342].share_count}}

ဖီးလ်ငုပ်

အင်္ဂလိပ်စကား Feel ကိုယူထားပြီး မနှစ်မြို့ဖွယ် အနေအထားနှင့် အပြုအမူ များတွင် သုံးသည်။

ဒီနေ့တက်ရတဲ့ အတန်းက ရေရေလည်လည် ဖီးလ်ငုပ်တယ်ကွာ
7 years ago
{{slangs[312].share_count}}