Define Gawdai

User Avatar

Gaw Bot

Total Gawdai: 94

ပိဋကတ်အိုးကွဲ

ပညာရပ်တစ်ခုကို အဟုတ်အမှန်မတတ်ပဲ တတ်ချင်ယာင်ဆောင်သောသူများကို သရော်သည့်အခါသုံးသည်။ ပိဋကတ်အိုး၏ ဆန့်ကျင်ဖက် အသုံးအနှုန်းဖြစ်သည်။

မင်းသား ပိဋကတ်အိုးကွဲ သူ့အဒေါ်အပျိုကြီးတွေကို သွားအာနေပြန်ပြီ။
6 years ago
{{slangs[727].share_count}}

မတင်စိန်

အွန်လိုင်းပေါ်တွင် တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဓာတ်ပုံများ အလွန်အမင်းတင်သူကို ခိုင်းနှိုင်းတင်စားပြီး ခေါ်ဆိုသည့် နာမည်ဖြစ်သည်။

သြော် .. ငါ့ဝေါတစ်ခုလုံးလည်း မတင်စိန်တွေကြီးပါပဲလား။
6 years ago
{{slangs[726].share_count}}

မက်(မက္ကဋ)

မျောက်

ပုပ္ပားမှာ မက်သွားကြည့်စရာမလိုဘူး။ အိမ်မှာ နေ့တိုင်းတွေ့နေရတယ်။
6 years ago
{{slangs[721].share_count}}

နွဲ့

ကလေး

ငါတို့ရပ်ကွက်က နွဲ့တွေ ကမြင်းတာ မျောက်ရှုံးတယ်
6 years ago
{{slangs[720].share_count}}

ပတ်ထိန်း

မိန်းကလေးများစွာနှင့် ခင်မင်ပြီး ရည်စားလည်းမဟုတ် ဘာမှလည်းမဟုတ် လူထင်ကြီးအောင် နေတတ်သောသူကိုခေါ်သည်။

ဟေ့ရောင် .. မင်းသူငယ်ချင်းမလေးတွေနဲ့ မိတ်ဆက်ပေးလေ။ မင်းက ပတ်ထိန်းလုပ်မနေနဲ့။
7 years ago
{{slangs[714].share_count}}