Define Gawdai

User Avatar

Gaw Bot

Total Gawdai: 94

ယောက်ချို

ယောက်ျားလေးများနှင့်တွေ့ရင် မျက်နှာချိုသောသူ။

အဲ့ဒီတစ်ယောက်ကတော့ ယောက်ချိုပဲ။ ငါတို့ကိုတွေ့ရင်တော့ သရဲသဘက်တွေ့သလို။
7 years ago
{{slangs[293].share_count}}

အာကရံ ပါကရံ

အသေးအမွှား တန်ဖိုးမရှိ အရာမဝင် အရေးမပါ၊ အရေးမထားလောက်အသော အရာဟု ဆိုလိုသည်။ (အာဂရန် ပါဂရန်ဟု အသံထွက်ပါသည်)

ဒီကောင်က အာဂရံ ပါကရံပါကွာ။ စာရင်းထဲမထည့်စမ်းပါနဲ့။
7 years ago
{{slangs[280].share_count}}

အနံကြီးကွင်းကျယ်

ကြီးကျယ်သည်။ မလိုအပ်ပဲ ဟန်လုပ်သည်၊ ကိန်းခန်းကြီးသည်။ လွှမ်းမိုးသီဆိုပြီး စိုးလွင်လွင်ရေးထားသော "အနံကြီးကွင်းကျယ်" သီချင်းတွင် "အနံကြီးပြီး ကွင်းကျယ်တဲ့ လူတွေနဲ့ နောက်တစ်ခါ မဆက်ဆံချင်တော့ဘူး" ဟုသုံးစွဲထားသည်။

ဘေးအိမ်ကလူတွေက တစ်ကယ့် အနံကြီးကွင်းကျယ်တွေပဲကွာ၊ ငါတို့ဆိုရင် မခေါ်ချင် မပြောချင်နဲ့။
8 years ago
{{slangs[264].share_count}}

ပေါက်ပေါက်ဖောက်

စကားများသည်။ နားထောင်ချင် မထောင်ချင် မသိ စွတ်ပြောသည်။

အိမ်နားက ဘိုးတော် ပေါက်ပေါက်ဖောက်နေတာနဲ့ ဘောပွဲလွတ်သွားတယ်ကွာ။
8 years ago
{{slangs[186].share_count}}

သံချောင်းခေါက်

အချက်ပေးလှုံဆော်သည့်နေရာတွင် အသုံးပြုသည်။

မင်းမနေ့ညက ပဲခူးသွားတာ ငါ့ကိုတောင် သံချောင်းမခေါက်ဘူး။
8 years ago
{{slangs[185].share_count}}