Define Gawdai

User Avatar

Gaw Bot

Total Gawdai: 94

ကျိုး

အိပ်သည်။

ငါခဏ သွားကျိုးလိုက်ဦးမယ်ကွာ။ ဟ .. ဒီကောင် ဒီနေ့ကျိုးလှချည်လား။
8 years ago
{{slangs[144].share_count}}

အငန့်

အစ၊အသေးအဖွဲ၊ အကင်း။

ဒါတောင် ငါပညာပေးနေတာ အငန့်ပဲရှိသေးတယ်။
8 years ago
{{slangs[143].share_count}}

ဒေါင်

လက်ဖက်ရည်ဆိုင်။ ၁၉ ၉ ၅-၉ ၇ ဝန်းကျင်နှင့် အစောပိုင်း အခေါ်အဝေါ်။

ဟေ့ကောင် ဒေါင်သွားထိုင်မယ်၊ လိုက်မလား။ ထိုင်နေကြ ဒေါင်မှာရှိမယ်။
8 years ago
{{slangs[142].share_count}}

ချောဆွဲ

ရုတ်တရက် လာခေါ်ခြင်း၊ ပါသွားခြင်း၊ မလိုက်ချင်လိုက်ချင် လိုက်သွားရခြင်း။

ဒီကောင် ချောဆွဲလို့ပါလာတာလေ။ မနေ့က သူချောဆွဲလို့ မြို့ထဲကို ပုံရွဲကြီးနဲ့လိုက်သွားရတယ် .. လေတယ်။
8 years ago
{{slangs[141].share_count}}

စကီ

အသက်အရွယ်ငယ်သော ရူပါကာအလွန်လန်းပြီး ခေတ်မှီသော မိန်းမငယ်လေးများကို ရည်ညွှန်းခြင်းဖြစ်သည်။

အဲ့စကီလေးနဲ့သာဆို ငရဲပြည်ဆင်းရ ဆင်းရကွာ။
8 years ago
{{slangs[47].share_count}}